Hacking မှာ Most powerful ဖြစ်တဲ့ Social Engineering [SE]အကြောင်းလေး
======================================
Social Engineering [ SE ] ကဘာဆိုတာကို အသေးစိတ်မပြောတော့ဘူးနော်... အကယ်လို့ SE ဆိုတာ ဘာမှန်းမသိတဲ့ noob တွေဆိုရင် ပြန်ရှာဖတ်ကြည့်လိုက်ပါ ...

Shoulder Surfing
ဒါကိုသိတဲ့သူများမယ် လို့ ထင်ပါတယ်...နည်းနည်းလောက်ပဲ ထပ်ပြောပြလိုက်တော့မယ်နော်.. တပါး သူ ကို ခိုးကြည့်တာ ချောင်းကြည့်တာပေါ့ဗျာ ... ဥပမာ. PIN , Password ရိုက်တာကို လှမ်းကြည့်လိုက်တာ.. Monitor Screen ကိုလှမ်းကြည့်လိုက်တာ ..Shoulder Surfing လည်းကြမ်းပါတယ် နောက်ဆုံး ... အဝေးကနေ.. ချောင်းပြီး မှန်ပြောင်းတို့ နဲ့ ပါ . ကြမ်းလို့ရပါတယ်..

Tailgating
ဒါက ဘာလဲဆိုရင် .. Secure Area တစ်ခုကို ၀င်လို့မရခဲ့ဘူးဆိုရင် ၀င်လို့ရတဲ့ သူရဲ့ နောက်ကနေ follow လုပ်ပြိး ၀င်တာပါ ... Antitrust movie ထဲမှာ ပါပါတယ်. အဲ့ဒီ Technique က . biggrin
Impersonation
က ကျတော့ .. ကြမ်းပါတယ်.. သူက လုံးဝ ကို ရုပ်ပြောင်းရုပ်လွဲလုပ်လိုက်တာ .. မျက်နှာကြီးလှီးလိုက်တာမဟုတ်ပါဘူး.... အယောင်ဆောင်လိုက်တာ ... Police officer လိုမျိုး ... emergency room worker လိုမျိုး ... ဒါက တော့ Attacker လိုအပ်ချက်ပေါ်ပေါ့ဗျာ .. biggrin

Dumpster diving
ဟီး ဒါတော့ သေချာပါတယ်.. လုံးဝသိလိမ့်မယ်.. ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသုံးမ၀င်ပါဘူး ဟိဟိ မယုံ စမ်းကြည့်လေ... ဟိုဘက်တွေမှာဆိုရင် စာရွက်အမှိုက်ပုံး သက်သက် တခြား အမှိုက်ပုံးသက်အဲလိုမျိုးတွေ ခွဲထားတော့ အဆင်ပြေတယ်ဗျာ tongue

Pretexting
ဒါကကျတော့ ... ဖိတ်ဖိတ်ပေါ့ ... ဥပမာ... email တစ်ဆောင် ကျွန်တော် ပို့လိုက်မယ်.... ကျွန်တော် facebook security team ကပါ ... ကျွန်တော်တို့ privacy တွေ ပြန်စစ်နေလို့ .. အမရဲ့ .. password ကို ကျွန်တော်တို့ဆီပေးဖို့ လိုအပ်ပါတယ်. ဒါမှ အစ်မ account မှာ malware တွေ ရှိမရှိစစ်လို့ရမှာဖြစ်ပါတယ်.. ဘာဘာညာညာပေါ့ .. အဲ့ဆိုသူလေးက ကို့ကို ပေးပြီ.. အဲ့ဒါမျိုးပါ .. biggrin [ ဥပမာ က စဉ်းစားတာ ဒါပဲခေါင်းထဲပေါ်လာလို့ tongue ]

Baiting
ဒါကတော့ ကို ကြွက် ပြောခဲ့ဖူးတဲ့ နည်းလေးပါ.. pendrive တစ်ချောင်းကို ... ကားပါကင်... ရုံး.. ပန်းခြံ ... အစရှိတဲ့ လူစီ ကား ရာနေရမှာ ပစ်ချခဲ့တဲ့ နည်းလေးပါ... အဲ့ဒါက တော့ Attacker ရဲ့ လိုအပ်ချက်ပေါ်မူတည်ပါတယ်.. ပြိးအဲ့ထဲမှာက trojan created လုပ်ထားရမှာပေါ့ဗျာ ဟဲဟဲ ကိုကြွက်ပြောဖူးတဲ့နည်းလေးပါ.. biggrin

Quid pro quo
ဒါကတော့ တစ်ခုခု ကို လိုချင်လို့ တစ်ခုခုကို ရည်ရွယ်ချက် ရှိရှိဖြင့် .. လုပ်တာပါ .. ရှုပ်သွားလား အဲ့လိုပြောလို့ . ဒီလိုပါ.. ကျွန်တော်.က paypal တို့ visa တို့ လိုချင်လို့ ... app တစ်ခု ကိုရေးတယ်.. ဒါပေမဲ့ အဲ့ ဒီ app က တကယ်လည်း အကျိုး ရှိတယ်.. သုံးလို့ရတယ်. အမှန်အကန်လည်း ရောင်းတယ်ဆိုပါဆို.. ဟုတ်ပြိး.. အဲ့ဒါဆိုရင် သုံးတဲ့သူတွေများလာရင် ကျွန်တော့်အတွက်ဟဲဟဲ tongue

ကျွန်တော် Phishing အကြောင်းဆက်ပြော မယ်နော် OK ?? victorie
Phishing ဆိုတဲ့ စကားလုံးက .. Phone - fishing အဲ့ဒီနှစ်မျိုး ကနေ ဆင်းသက်လာတာပါ .... Phishing ဆိုလိုရင်းက သားကောင်ကို ထောင်ဖမ်းတယ်. အချိန်ယူရတယ်. ခု ဖမ်းလို့ ခုမရပါဘူး .. nono အိုခေ...Phishing ကိုလည်း ကြားဖူးသား ဆိုတော့ ဆက်သွားတော့မယ်ဗျာ superman
Spear Phishing
ဒါက company တစ်ခုခု .. လူတစ်ဦးဦးကိုပဲဖြစ်ဖြစ် Attack လုပ်တာပါ.. email message, IMs, စတာတွေနဲ့ Attack လုပ်တာပါ

SPIM
ဒါက IM ကနေ လင့်ပေးပြီး Attack လုပ်တာပါ ..

SPAM
ကိုတော့ သိပါလိမ့်မယ်... ဒါက email ကနေပါ .. [ Exam တွေမှာလည်း မေးပါတယ် SPIM - SPAM ကို ]

Vishing
ဒါက တော့ Voip ကနေ တော်ကီပွားတာပါ .. ဟီးဟီး
Whaling
ဒါတော့ Spear Phishing နဲ့ဆင်ပါတယ်. ဒါပေမဲ့ မတူပါဘူး Whaling က ရာထူးကြီးတဲ့သူတွေကိုခေါ်ပါတယ်. CEO, Manager အဲ့ဒါမျိုးတွေကို Attack လုပ်တာပါ
Pharming
က ဘယ်လိုမျိုးလဲဆိုရင် . phishing and farming နဲ့ ပေါင်းထားတာပါ.. Attacker က Link တစ်ခုပေးလိုက်ပြီး အဲဒီလင့်ကို နှိပ်လိုက်ရင် Webpage တစ်ခုကို redirecting လုပ်ပီး malware တွေနဲ့ ပြည့်နေတဲ့ webpage ကြီး
တစ်ခုကိုရောက်သွားလိမ့်မယ်. အဲဒီမှာ စတွေ့တာပေါ့ဗျာ biggrin
ကဲ Like and share လုပ်ဖို့ကမိမိတာဝန် ချပြဖို့က ကျွန်တော်တို့တာဝန်
crd to original writter

0 comments:
Post a Comment