ဝိဇ္ဇာဓိုရ်အကြောင်းတစေ့တစောင်း
ဂန္ဓရီဝိဇ္ဇာအကြောင်း(အင်းဝိဇ္ဇာ)
ဂန္ဓရီဝိဇ္ဇာအကြောင်း(အင်းဝိဇ္ဇာ)
အင်းဝိဇ္ဇာဖြစ်ရန်
☁
☁
☁
☁
☁
☁
☁
☁
☁
☁
☁
☁
☁
အင်းဝိဇ္ဇာဖြစ်လိုသောသူသည်ကား သီလစောင့်ထိန်းရခြင်း|
အင်းကျိုးခြင်း|အင်းပေါက်ခြင်း|အင်းကန်းခြင်းစသောနည်းဥပ
ဒေသတို့ကိုလည်းနားလည်ရခြင်း|နက္ခအဝင်|နက္ခအထွက်|ခါးပတ်နက္ခစသည်တို့အားလည်း တတ်မြောက်ရခြင်း|ရက်
ကောင်းရက်မြတ်လည်းရွေးတတ်ခြင်း|နာရီအချိန်ပိုင်းခြားပုံအား
အကျဉ်းအားဖြင့်လည်းကောင်း|အကျယ်အားဖြင့်လည်းကောင်း
ပိုင်းခြားတတ်ရခြင်း|စီရင်ဆဲ၌လည်း ဂါထာရွတ်ဆိုရခြင်း|အ
ဟိန်းမန္တန်ရွတ်ရခြင်း|အနှိုးမန္တန်ရွတ်ဆိုရခြင်း|အင်းသက်သွင်းရ
ခြင်းစသော နည်းလမ်းအဖုံဖုံကိုနားလည်တတ်ကျွမ်းပါမှ မိမိတို့
လိုရာအားဆုံးခန်းတိုင်အောင်ရောက်မည်ဖြစ်သည်။ထို့ကြောင့်
အင်းဝိဇ္ဇာဖြစ်လိုသူတို့ကား အင်းတစ်ခုတည်းသာတတ်ရုံနှင့်
မပြီးချေ။ဗေဒင်အရာ၌လည်း တတ်ကျွမ်းရန်လိုခြင်း|တစ်ရာသီ
တစ်ရာသီအားပိုင်းခြားပုံ|လဂ်အနေ|စန်းအနေ|ဂြိုဟ်ခွင်|အံသာ|လိတ္တာ|ပါဒ်ဗီဇနာတို့အားမယုတ်မလွန် ပိုင်းခြားဝေဖန်တတ်
်ခြင်းဖြစ်သော ဗေဒင်၏အပိုင်းကိုနားလည်ရခြင်း|ပထဝီ|အာ
ပေါ|တေဇော|ဝါယောတည်းဟူသော ဓါတ်လေးပါး|ပထဝီဓါတ်|
အာပေါဓါတ်|တေဇောဓါတ်|ဝါယောဓါတ်|အာကာသဓါတ်တည်း
ဟူသော ဓါတ်ငါးပါး နက္ခ၂၇လုံးတို့၏စိုးမိုးသော ရာသီ|ဖြစ်ပေါ်
ရာသောဓါတ်အပေါင်းစသည်ဖြင့် တတ်သိပါမှလည်း ဝိဇ္ဇာမယ
အတတ်၌ တစ်ဖက်ကမ်းကိုရောက်နိုင်မည်ဖြစ်သည်။ထို့
ကြောင့် အချိန်အခါပိုင်းခြားပုံ|ကသစ်|ဥစ်|အံသာစသည်ဖြင့်
ယူပုံတို့အား(သာမ,ယဇု,ဣိရု,အာတပ္ပန)တည်းဟူသော ဗေဒင်အကြောင်းအား ဖော်ပြသောအခါတွင်မှ မှတ်သားကြပါ
လေ။အင်းဝိဇ္ဇာသည်ကား ဤမျှလောက်ဖြင့် နိဋ္ဌိတံပြီဖြစ်၍ သစ်
ပင်တို့အားမြင်ကာမျှဖြင့် ဤကား အပူစာ/အအေးစာ|ဤကား
အတက်စာ/အသက်စာ|ဤကား အပွင့်စာ/အပိတ်စာ/ဤသစ်
်ပင်ကား ပထဝီကိန်းသည်|အာပေါကိန်းသည်|တေဇောကိန်း
သည်|ဝါယောကိန်းသည်စသည်ဖြင့် ပိုင်းခြား၍သိမြင်နိုင်သော
ဆေးဝိဇ္ဇာအကြောင်းအား ဆက်လက်ဖော်ပြမည်ဖြစ်သည်။
ဆက်လက်ပါဦးမည်

0 comments:
Post a Comment