WPA3 အကြောင်းသိကောင်းစရာ
👨
💻================
=================================
WPA3 အကြောင်းမပြောခင် WPA ရဲ့ အကြောင်းကို
နည်းနည်းပြောပြချင်ပါတယ်။ WAP(Wi-Fi Protected Access)ဆိုတာ
ကိုယ့်ရဲ့ WiFi ကို တစ်ခြားသူတွေ ချိတ်ဆက်လို့ မရအောင် ကာကွယ်ပေးတဲ့
WiFi လုံခြုံရေးနည်းပညာတစ်ခုဖြစ်ပါတယ်။ WPA မတိုင်ခင်တုန်းက
လုံခြုံရေး သိပ်မကောင်းသေးတဲ့ WEP ခေါ်(Wired Equivalent Privacy) ကို
Wi-Fi Alliance ကနေ 1999 ခုနှစ်မှာ ထီထွင်ခဲ့ပါတယ်။ အခုလည်း
အသုံးပြုလို့ ရနိုင်ပါသေးတယ်။ WEP က လုံခြုံရေးအား သိပ်မကောင်းလို့ 
2003 ခုနှစ်မှာ စတင်အသုံးပြုလို့ ရခဲ့တဲ့ WPA Protocol ပေါ်လာပြန်ပါတယ်။
သူ့ ကို IEEE 802.11i အဖြစ်သတ်မှတ်ပါတယ်။ အိမ်သုံး၊အသေးစားရုံးတွေမှာ
အသုံးပြုတဲ့ WPA-PSKခေါ် WPA Pre Shared Key Protocol လည်းရှိပါတယ်။
WPA ထက် လုံခြုံရေးအား ပိုကောင်းတဲ့ WPA2 ကို 2004 ခုနှစ်မှာ
အဆင့်မြင့်တင်လိုက်ပါတယ်။ Wi-Fi Certified ရှိတဲ့ ထုတ်ကုန်တွေမှာ
2006 ကစပြီး WPA2 ကို စတင်အသုံးပြုနိုင်ခဲ့ပါတယ်။
မိမိစက်ကနေ WiFi လွင့်မယ်တော့မယ်ဆိုရင် စက်ရဲ့ Default Security
Protocol က WEP ဖြစ်နေတတ်လို့  WAP2 ကို ရွေးပြီး Password ခံပေးရပါမယ်။ Password မပေးထားဘူး၊ ပေးထားသော်လည်း WEP Protocol နဲ့ Password
ပေးထားရင် မိမိ WiFi ကို နည်းပညာကျွမ်းကျင်သူတွေက
အလွယ်တကူရှာဖွေ Access လုပ်ပြီး မိမိ Data တွေကို ရယူနိုင်သွားမှာပါ။

WPA2 နဲ့ Password ပေးထားသော်လည်း နည်းပညာကျွမ်းကျင်သူတွေက KRACK(KeyReinstallationAttack) နည်းနဲ့  ကြားဖြတ်ပြီး Password
တွေကို ရယူနိုင်သေးလို့ မိမိ Network ကို လုံခြုံပြီလို့ မခေါ်နိုင်သေးပါဘူး။
အဲ့ဒီအတွက် ဒီရက်ပိုင်းအတွင်းက ထွက်ရှိထားတဲ့ WPA 3 ရဲ့ 
အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ WPA 3 နဲ့ Password
ပေးထားတဲ့ Network တွေမှာ ဥပမာ- ရုံးတစ်ခုမှာ User တစ်ဦးချင်းစီရဲ့ 
Data တွေကို ဖွက်၊ဖျောက်(Encryption) ထားနိုင်ပြီး User Privacy တွေ
ကာကွယ်ပေးနိုင်တယ်။Brute-Force Dictionaryနည်းနဲ့  တိုက်ခိုက်မှုတွေကို
ပိုကာကွယ်နိုင်မယ်။ Attackers တွေက ဖြစ်နိုင်ချေရှိတဲ့ Common Password တွေကို
ခန့် မှန်းပြီး Multiple Login လုပ်ခြင်းကနေ ကာကွယ်နိုင်မယ်။ Internet သုံးရတဲ့
Devices i.e. loT(Internet of Things) တွေရဲ့ Security Settings ကို
Configuring လုပ်ဖို့ Display မပါတဲ့ Devices တွေအတွက်လည်း
လုံခြုံအောင်ကာကွယ်ပေးမယ်။ လုံခြုံမှုအားနည်းမယ်ထင်ရတဲ့
Password တွေကိုလည်း ပေးလို့ ရအောင် အချက်ပြသတိပေးပါလိမ့်မယ်။
နောက်ဆုံးအနေဖြင့် အစိုးရ၊ကာကွယ်ရေး၊ စက်မှုလုပ်ငန်းအဖွဲ့ စည်းတွေမှာ
အဆင့်မြင့်လုံးခြုံရေးလိုအပ်မှုတွေအတွက် WiFi သုံးတဲ့ User တွေကို
192-bit Security Suite ဖြစ်သွားမှာပါ။

WEP,WPA တွေမှာတော့ 64-bit or 128-bit Encryption ကို သုံးပါတယ်။
Encryption bit နည်းတဲ့အတွက် Password ကို Decryption လုပ်တာ
လွယ်ကူနေမှာပါ။ WiFi Password Hack နည်းတွေ လိုင်းပေါ်မှာေ
လ့လာလို့ မကုန်နိုင်ပါဘူး။ ဒါပေမယ့် ဒီ WPA3 မှာတော့ လွယ်လွယ်နဲ့ 
Attack လုပ်နိုင်မယ် မဟုတ်ပါဘူး။ WPA3 Protocol က နောက်ပိုင်း
ထွက်ရှိလာမယ့် Wi-Fi Certified ရှိတဲ့ ထုတ်ကုန်တွေမှာ ပါဝင်လာမှာပါ။
Support လုပ်တဲ့အချိန်မှာ Network Card ကို Upgrade လုပ်လိုက်ရင်
WPA3 Protocol နဲ့ Password ပေးနိုင်မှာပါ။ WPA အကြောင်းကို
The Hacker News ကနေ Wi-Fi Alliance launches WPA3 Protocol
with new security features ကို အတိုချုပ်မျှသာ သင့်လျှော်အောင်
မြန်မာဘာသာပြန်ထားပါသည်။ မှုရင်းသို့  NetComplus.

အောင်သူရဝင်း(NetComplus.)

0 comments:
Post a Comment