Untitled-1
It Seintan (I.T.S)သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Wednesday, August 29, 2018

ကျောက်ဆည် GTI ကျောင်းသားတဦး လုယက် တိုက်ခိုက်ခံရမှုကြောင့် သေဆုံး



ကျောက်ဆည် GTI ကျောင်းသားတဦး လုယက် တိုက်ခိုက်ခံရမှုကြောင့် သေဆုံး
-------------------------------------------------------------------------------------------
မ​နေ့ည ၁၀နာရီအချိန်​ခန့်​က​ ကျောက်​ဆည်​မြို့လယ်​မှာ ဖုန်းလုယက်​ပြီး ဓားနဲ့ထိုးသွားတဲ့ cctv မှတ်​တမ်းပါ။
ကျောက်ဆည် GTI ကျောင်းသားတဦး လုယက် တိုက်ခိုက်ခံရမှုကြောင့် သေဆုံး
ကျောက်ဆည် GTI မှာ နောက်ဆုံးနှစ် MP တက်နေတဲ့ ကျောင်းသား နေမင်းထက်ရဲ့ ဖုန်းကို လူ၃ယောက်က လုယူရင်း ထိုးကြိတ် ဓားနဲ့ထိုးတာကြောင့် နေမင်းထက်ဟာ နေရာတင် သေဆုံးခဲ့ရပါတယ်။
နေမင်းထက်ဟာ သူ့သူငယ်ချင်းနဲ့အတူ မနေ့ည ၉ နာရီခွဲလောက်မှာ ဆိုင်ကယ်အတူစီးလာရင်း ဖုန်းထဲက ဂိမ်းကိုဆော့လာရာမှာ လူ၃ယောက်စီးလာတဲ့ ဆိုင်ကယ်က သူတို့ဘေးကယှဉ်လိုက်လာပြီး ဖုန်းကို လုယူတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဖုန်းလုရင်း ဆိုင်ကယ်လဲသွားတော့ ကျောင်းသားနှစ်ယောက်ကို ထိုးကြိတ်တာမှာ နေမင်းထက်ကို ဓားနဲ့ထိုးတာကို ဖြစ်စဉ်ဖြစ်တဲ့ နေရာနားက စတိုးဆိုင်ရဲ့ cctv မှာ တွေ့ရတယ်လို့ ဆိုပါတယ်။
"ကလေးက လဲနေတုန်း သူတို့က နံကြားကို ဓားနဲ့ထိုးလိုက်တယ်။ နောက်တော့ လူတွေရောက်လာ ရဲက cctv ကိုကြည့်ပြီးတော့ အဲ့ဒီ လုတဲ့သူ သုံးယောက်ကို လိုက်ဖမ်းတာ ချက်ခြင်းမိတယ်" လို့ နေမက်းထက်ရဲ့ ဦးလေး ဦးတိုးဝေဖြိုးက ပြောပါတယ်။
မှုခင်းဆရာဝန်တွေရဲ့ ဆေးစစ်ချက်အရ ဓားဒဏ်ရာက နှလုံးကို ထိသွားလို့ ပွဲချင်းပြီး သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။
နေမင်းထက်နဲ့ အတူပါတဲ့ သူငယ်ချင်းဖြစ်သူကတော့ ထိုးကြိတ်ခံရတဲ့ ဒဏ်ရာတွေသာရရှိတာကြောင့် ဆေးကုသမှုခံယူပြီး အဆောင်မှာ အနားယူနေရတယ်လို့ သိရပါတယ်။
နေမင်းထက်ရဲ့ ဖခင်၊ နေပြည်တော် ၉၄၈ GE တပ်က ဦးမြင့်သိန်းဝင်းနဲ့ မိသားစုဝင်တွေလည်း ကျောက်ဆည်မြို့ကိုရောက်နေပြီး ရုပ်အလောင်းကို နေပြည်တော်ပြန်သယ်သွားဖို့ ပြင်ဆင်နေတယ်လို့ မိသားစုက ပြောပါတယ်။
လုယက်သူ သုံးဦးကိုတော့ ကျောက်ဆည်ရဲစခန်းမှာ သေမှုသေခင်းအရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သူတို့ဟာ အရင်ကလည်း လုယက်မှုတွေ ကျူးလွန်ဖူးကြသူတွေဖြစ်ပြီး လုယက်မှု ခိုးမှုတွေနဲ့ ရဲက အလိုရှိနေသူတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။
cctv မှတ်တမ်း-
Voice of Myanmar

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ