အမြန်လမ်း ၁၆၅ မိုင်မှာ
တံတားအောက်ရေကြီးပြီး
တံတာနိမ့်ဆင်းသွားပါပြီ
တံတားအောက်ရေကြီးပြီး
တံတာနိမ့်ဆင်းသွားပါပြီ
ဆွာချောင်တမံ ကျိုးတာမဟုတ်ဘူး
Spillway Structural Damage အနည်းငယ်ဖြစ်သွားတာလို့သိရပါတယ် ...
သက်ဆိုင်ရာဌာနက လိုအပ်တာတွေ
ဆောင်ရွက်နေပြီလို့သိရပါတယ်...
ဆောင်ရွက်နေပြီလို့သိရပါတယ်...
Dam Failure မဟုတ်တဲ့အတွက် အ
ဆိုးဆုံးအခြေအနေတော့ မရောက်နိုင်
ဘူးလို့မျှော်လင့်ပါတယ် ...
ဆိုးဆုံးအခြေအနေတော့ မရောက်နိုင်
ဘူးလို့မျှော်လင့်ပါတယ် ...
ဆည်ကျိုးတာမဟုတ်သေးကြောင်း
သတင်းမျှဝေတာပါ .... spillway damage ကြောင့် ဘာမှမဖြစ်ဘူးလို့
မဆိုလိုပါခင်ဗျာ ...
သတင်းမျှဝေတာပါ .... spillway damage ကြောင့် ဘာမှမဖြစ်ဘူးလို့
မဆိုလိုပါခင်ဗျာ ...
လက်ရှိအမြန်လမ်းရေကျော်နေတဲ့
အခြေအနေကတော့ နာရီအတော်ကြာ
အောင် ကြာနိုင်တယ်လို့ ခန့်မှန်းလို့ရပါတယ် ..
................
ဆွာချောင်းတမံ ရေကြောင့်
အမြန်လမ်း 165/1ရဲ့ လက်ရှိအခြေအနေပါ။
ကားများကို 153 မိုင် လမ်းခွဲမှ
ရန်-မန်းလမ်းဟောင်းသို့
လမ်းလွှဲပေးထားကြောင်း သိရှိရ။
................
အရေးပေါ်အခြေအနေ
🏃
🏃
🏃
🏃
🏃
🏃
🏃
ဆွာရေလှောင်တမံရေပိုလွှဲကနေ ရေတွေများစွာကျော်ပြီး ဆွာချောင်းထဲစီးဝင်နေပါတယ်။ ဆွာချောင်းရေလဲ အတော်ကြီးနေပါတယ်။ ဆွာချောင်းဘေးမှာရှိနေထိုင်ကြသူတွေ အတွက် အန္တရာယ်အရမ်းများလွန်းတာမို့ အမြန်ရွှေ့ပြောင်းကြဖို့လဲလိုပါတယ်။ အသေးစိပ်သိရရင် ထပ်ပြောပေးပါ့မယ်။

ရေတာရှည်မြို့နယ်ရှိ
ဆွာချောင်းတမံ
ဘဲနှုတ်သီးပုံ ရေပိုလွှဲထိပ်ပိုင်း ၄ပေခန့်
ရေတိုက်စားပျက်စီးခြင်းမှ အစပြု၍
ရေကျော်စီးဆင်းမှုဖြစ်ပေါ်ခဲ့သည့်အတွက်
ရေလှောင်တမံအောက်ဖက်ရှိ
ရန်ကုန် မန္တလေး အမြန်လမ်း မှ
ဆွာချောင်းတံတားတွင်လည်းပုံမှန်ထက်
ရေစီးဆင်းခြင်းများပြားစွာဖြစ်ပေါ်လျက်ရှိ
ပါသည်။ ဆွာချောင်းရေလှောင်တမံအနေဖြင့်
ရေဖောက်ချရတော့မလား တော့ သတင်းကမသိရသေးပါ

........................
ယနေ့ နံနက် ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ဆွာချောင်းတမံ ရေပိုလွဲ ဆည်အတွင်းဘက် နံရံပြိုကျ ဆွာချောင်းတစ်လျောက်ရေများ လုံးဆင်းလာနေ၍ ကျေးရွာများရှိ ဒေသခံများ ရေလွှတ်ရာသို့ အမြန် ဆုံး ပြောင်း ရွှေ့ကြရန် နိုးဆော်ပါသည် ကျွန်းတောစု ဥယျာဉ်မှူး နှင့် ချောင်းတစ်လျောက်ကျေးရွာများ ရေဝင်နစ်မြုပ်နေပြီ ဖြစ်ပါသည် ယခုလက်ရှိ ဆွာမြို့ပေါ်တွင် ရေဘေးအန္တရာယ်ကြောင့် ထွက်ပြေးလာကြသူများအနေဖြင့် လူဦးရေ ထောင်ကျော်ပြီး မည်သည့်နေရာ နေကြရမည်မှန်းမသိကြပဲ အုတ်အော်သောင်းနင်းဖြစ်နေသည်ကို တွေ့ရှိရသည် ဆွာဆည်တမံပေါ်သို့ မြို့နယ်အဆင့်တာဝန်ရှိသူများ သွား ရောက်စစ်ဆေးလျက်ရှိကာ ဆွာမြို့ပေါ်အထိ ရေများရောက်ရှိ နိုင်ကြောင်း ဆည်မြောင်း အရာရှိတစ်ဦးပြောကြားပါတယ် ဆက်တွဲ သတင်းများကို ဆက်လက်တင်ပြပေးပါမယ် ခင်ဗျာ
ခုချိန်ထိလဲ ဆွာတမံမှာ ဆည်မြောင်းဝန်ထမ်းတွေ အနီးကပ် တာဝန်ထမ်းဆောင်နေဆဲပါ။ အရေးပေါ်အခြေအနေမှာ လုပ်ဆောင်ရမယ့် အလုပ်တွေကို လုပ်နေကြဆဲပါ။ အခုချိန်ထိ တမံ ထိခိုက်မှု ၊ကျိုးပေါက်မှု မရှိသေးပါဘူး။ ဆက်စပ် ရေပိုလွှဲ ကတော့ အပေါ်ပိုင်း ငါးပေလောက် ထိခိုက်သွားတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လဲ ရုတ်တရက် ရေကြီးမှု ဖြစ်ရတာပါ။ အခြေအနေ လက်ရှိအနေအထားထက် မဆိုးသွားအောင်တော့ တတ်နိုင်သမျှ ခက်ခက်ခဲခဲ ကြိုးပမ်းနေကြတယ်ဟု သိရပါတယ်။ ဘာပဲဖြစ်ဖြစ် အလွန်အန္တရာယ်ကြီးတဲ့အခြေအနေတစ်ခုဖြစ်နေတာကြောင့် သတိကြီးကြီးထားကြရမှာပါ။
..........
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ သည် ၂၉-၈-၂၀၁၈ နံနက် ၆နာရီခန့်အချိန်တွင် ရေပိုလွှဲမှ ရေစီးရေကျော်အရှိန်များမှုကြောင့် ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျခဲ့သဖြင့် ရေထွက်မှုများလာပြီး မူလချောင်းရေပြည့်ရေလျှံကာ ယင်းပတ်ဝန်းကျင်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်း နှင့် ဆွာမြို့ အပါအဝင် ရေကြီးမှုဖြစ်ပေါ်လျက်ရှိပြီ
တမံကြီးကျိုးကျပျက်စီးမှု မဖြစ်နိုင်ကြောင်းနှင့် ယခုဖြစ်ပေါ်မှုအပေါ် ကူညီကယ်ဆယ်ရေးများ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယခုတင်ပြသည့် နံနက် ၉နာရီ ၁၅ မိနစ်အချိန်တွင် ရေပိုလွှဲမှ ရေတစ်ပေခွဲကျော်ခန့် စီးထွက်လျက်ရှိသည်။
နောက်ဆုံးရ သတင်းများ ဆက်လက်တင်ပြပါမည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန။
Soe Min
...........
နံနက် ၈ နာရီSoe Min
...........
ဆွာမြို့တောင်ဘက် ၂ ရပ်ကွက် အားလုံး ရေဝင်လာပါပြီ ရန်ကုန် မန္တလေးကားလမ်းများ ပိတ်သွားပါပြီ ကားတွေသွားမရတော့ပါ အမြန်လမ်းလည်းပိတ်ထားပါသည် ဆွာ အထက ကျောင်း အုတ်တံ တိုင်း ကြီး ရေအားကြောင့် ပြိုကျသွားပါပြီ မြို့သူ မြို့ သားတွေ သာဂရမြို့ဘက်ကို အလုံးအရင်းနဲ့ပြေးကြရပါ ပြီ ရေအားအလွန်ကြမ်းပါတယ် အမြန်ဆုံးထွက်ခွာကြပါဟု မြို့နယ်ပြန်ဆက် လူမှုကွန်ယက်တွင်ရေးသားထားကြောင်းသိရ ။
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ သည် ၂၉-၈-၂၀၁၈ နံနက် ၆နာရီခန့်အချိန်တွင် ရေပိုလွှဲမှ ရေစီးရေကျော်အရှိန်များမှုကြောင့် ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျခဲ့သဖြင့် ရေထွက်မှုများလာပြီး မူလချောင်းရေပြည့်ရေလျှံကာ ယင်းပတ်ဝန်းကျင်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်း နှင့် ဆွာမြို့ အပါအဝင် ရေကြီးမှုဖြစ်ပေါ်လျက်ရှိပြီ
တမံကြီးကျိုးကျပျက်စီးမှု မဖြစ်နိုင်ကြောင်းနှင့် ယခုဖြစ်ပေါ်မှုအပေါ် ကူညီကယ်ဆယ်ရေးများ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယခုတင်ပြသည့် နံနက် ၉နာရီ ၁၅ မိနစ်အချိန်တွင် ရေပိုလွှဲအထက်မှ ရေတစ်ပေခွဲကျော်ခန့် စီးထွက်လျက်ရှိသည်။
နောက်ဆုံးရ သတင်းများ ဆက်လက်တင်ပြပါမည်။

0 comments:
Post a Comment