Untitled-1
It Seintan (I.T.S)သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Monday, August 27, 2018

လစာ ထုတ်ပြီးတာနဲ့ ဒီ ( ၅) ခု အရင်ဆုံး လုပ်ပါ



"လစာ ထုတ်ပြီးတာနဲ့ ဒီ ( ၅) ခု အရင်ဆုံး လုပ်ပါ"


နက်ဖြန်ဆို လစာထုတ်ကြပြီဆိုတော့ကာ စီစဉ်စရာ စနစ်တကျ စီမံ နိုင်ဖို့ ......


(၁) ပြတ်တုန်းလတ်တုန်း ၂၃ မဖြစ်စေရန်

လကုန်ရက်ရောက်တိုင်း ကုန်းကောက်စရာမရှိအောင် ငတ်ပြတ်နေတဲ့ ဘဝကို စိတ်ပျက်နေပြီဆိုရင် လစာထဲက ၄ ပုံ ၁ ပုံကို လကုန်ရက် သုံးဖို့ ခွဲထားလိုက်ပါ ။ ထုတ်မသုံးမိအောင် လုံခြုံစိတ်ချရတဲ့ နေရာမှာထားပါ ။ တစ်ယောက်ယောက်ကို အပ်ထားရင် ပိုအဆင်ပြေပါတယ် ။


(၂) ဘီယာ ဆိုင်ဒိုးပါ

လစာထုတ်ရင် ဘီယာဆိုင်သွားတာ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ ဖြစ်ပါတယ် ။ ရှေးထုံးကို မပယ်ကောင်းပါဘူး ။ ဘီယာ မသောက်တတ်သူဆိုရင် အရမ်းစားချင်နေတဲ့ အစားအသောက်တစ်ခုခု တဝတပြဲ သွားစားပါ ။


(၃) အကြွေးတွေ ရှင်းကြမယ်

လမကုန်စဉ် ကာလက ဆွဲခဲ့ ၊ ယူခဲ့သော အကြွေးများကို လခထုတ်ရက် တစ်ရက်မဆိုင်းပဲ ရှင်းပါ ။ ဒါမှလည်း နောက်တစ်ခေါက်ထပ်ချေးတဲ့အခါ အကြွေးရှင်က ကိုယ့်ကို ယုံကြည်စိတ်ချမှာပါ ။


(၄) မိသားစု အတွက်

အိမ်ကို ပြန်ထောက်ပံ့ ရသူတွေရှိသလို ၊ တချို့ကလည်း အိမ်ကို လစာ ပြန်ပေးစရာမလိုတာ ရှိပါတယ် ။ ဒါပေမယ့် ဘယ်လိုနေနေ မိသားစု ကို မုန့်လိုက်ကျွေးတာမျိုး ၊ အိမ်အတွက် လိုအပ်တဲ့ ပစ္စည်း တစ်ခုခု ဝယ်သွားတာမျိုး လုပ်ပါ ။ ညီ ၊ အကို ၊ မောင်နှမ အငယ်တွေရှိရင် မုန့်ဖိုး ပေးပါ ။ သူတို့လိုအပ်တာ ဝယ်ပေးလိုက်ပါ ။ ( ကိုယ်မနာမကျန်း ဖြစ်လို့ သူတို့ကို အားကိုးရတဲ့အခါ မျက်နှာ မငယ်ရစေရန် အလို့ငှါ )


(၅) ရည်မှန်းချက်အတွက်

တစ်ခုခုကို ရည်ရွယ်ချက်ထားပြီး ပိုက်ဆံစုပါ ။ ဖြစ်နိုင်ရင် ပြန်ထုတ်လို့မလွယ်ကူတဲ့ စုဘူးနဲ့ စုစေချင်ပါတယ် ။ နည်းသည်များသည် မဟုတ်ပဲ ကိုယ့်လစာ ရဲ့ ၁၀% ကို စုဖြစ်အောင်စုပါ ။


အားလုံးပဲ ပျော်ရွှင်စရာ Pay Day လေးဖြစ်ကြဖို့ လူငယ်မီဒီယာမှ ရည်ရွယ်ရေးသားလိုက်ပါတယ် ။


====================================

လူငယ်တို့အတွက် လူငယ်မီဒီယာ (Lunge.media)

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ