Untitled-1
It Seintan (I.T.S)သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Monday, August 27, 2018

လူပျင်း



လူပျင်း
-------------

လူတော်တွေဟာ
မလုပ်ခင် plan ချလေ့ရှိပြီး
လူပျင်းတွေကတော့
လုပ်ရင်းနဲ့ plan ချလေ့ရှိတယ်

လူတော်တွေဟာ
ကိုယ့်ကိုယ်ကိုအပြင်းထန်ဆုံးခိုင်းလေ့ရှိပြီး
လူပျင်းတွေကတော့
သူတစ်ပါးကို အပြင်းထန်ဆုံးခိုင်းလေ့ရှိတယ်

လူတော်တွေဟာ
ထလုပ်လိုက်ရတာကြိုက်ပြီး
လူပျင်းတွေကတော့
ထိုင်ပြီး ခိုင်းရတာကိုကြိုက်လေ့ရှိတယ်

လူတော်တွေဟာ
စောစောထဖို့ကြိုးစားလေ့ရှိသလို
လူပျင်းတွေကတော့
စောစောအိပ်ဖို့ကြိုးစားလေ့ရှိတယ်

လူတော်တွေမှာ
တောက်ပတဲ့အနာဂတ်ရှိတယ်
လူပျင်းတွေမှာတော့
ကိုယ်တိုင်ဟာတောက်ပတဲ့အနာဂတ်ဖြစ်တယ်

လူတော်တွေဟာ
စာဖတ်အားကောင်းလေ့ရှိပြီး
လူပျင်းတွေကတော့
လိုမှစာဖတ်လေ့ရှိတယ်

လူတော်တွေဟာ
ဦးဏှောက်နောက်ကလိုက်တယ်
လူပျင်းတွေကတော့
နှလုံးသားနောက်ကလိုက်တယ်

လူတော်တွေက
အများအသံကိုနားထောင်တယ်
လူပျင်းတွေကတော့
ကိုယ့်အသံသာကိုယ်နားထောင်တယ်

လူတော်တွေကို
ပတ်ဝန်းကျင်ကပိုင်လေ့ရှိပြီး
လူပျင်းတွေကတော့
ကိုယ်တိုင်ပဲပိုင်ရှင်ဖြစ်တယ်

သိမှုမြင့်တဲ့လူပျင်းဟာ
လူကောင်းဖြစ်တယ်
ချစ်စရာကောင်းတယ်

ဒါပေမယ့်
သိမှုနိမ့်တဲ့လူပျင်းကတော့
လူဆိုးဖြစ်တယ်
ကြောက်ဖို့ကောင်းတယ် . . . . .


မိုးမခ - မှတ်စုကြမ်း

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ