Untitled-1
It Seintan (I.T.S)သို့ လာရောက်လည်ပတ်သောသူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Monday, August 27, 2018

လူငယ်နှင့် hacking အကြောင်း



လူငယ်နှင့် hacking အကြောင်း

===============================
လူတွေ တော်တော်များများက မေးကြတယ်။ ဟက်ကင်းဆိုတာ ဘာလဲ။ ဘယ်လို လုပ်ရတာလဲတဲ့။ တကယ်တော့ ဟက်ကာအကြောင်းကို အဓိပ္ပာယ် ဖွဲ့ကြသူတွေ ဒုနဲ့ဒေးပါ။ ဒါတွေကတော့ တကယ်တော့ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့နော့်။
မြန်မာပြည်မှာ ဟက်ကင်းဆိုရင် လူတိုင်းက Facebook နဲ့ Gmail ဟက်တာလောက်ပဲ မြင်ကြပါတယ်။ အမြင်မကျယ်ကြပါဘူး။ တကယ်တော့ ဟက်ကင်းဆိုတာ အဲ့ဒါကြီးပဲ ဟက်ဖို့ မဟုတ်ပါဘူး။ Facebook & Gmail ဟက်မယ်လို့ သင်ရည်ရွယ်လိုက်တာနဲ့ သင်ဟာ ကျရှုံးသွားပါပြီ။ တကယ်တော့ ဟက်ကင်းဆိုတဲ့နယ်ပယ်ဟာ အကြီးကြီးပါ။ ဒီမှာတော့ အတွေ့အကြုံလေးတွေနဲ့ ယှဉ်ပြီး ကျွန်တော်ရေးပါ့မယ်။
ဟက်ကင်းလောကမှာ ဦးထုပ်အရောင်တွေ ရှိတယ်ဆိုတာ ဟက်ကင်းလိုက်တဲ့လူတွေ သိပြီးသားပါ။ သိပ်ပြောပြတော့ပါဘူး။ 
ကျွန်တော်လေ့လာသမျှ ဟက်ကင်းလုပ်တဲ့လူတွေဆိုတာ သိချင်စိတ်နဲ့ လုပ်တာဖြစ်တယ်။ သိချင်စိတ် ပြင်းပြလွန်းလို့ကို ဒီလမ်းကို လိုက်တာဖြစ်ပါတယ်။ ဟက်ကင်းမှာ Website ချည်းပဲ ကစ်ဖို့ ကြိုးစားနေရင်တော့ ဘယ်လိုမှ တက်လာတော့မှာ မဟုတ်ပါဘူး။ အဓိကက သိချင်စိတ်ပြင်းပြပါ။ ကစ်ဖို့ပဲဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ပျင်းသထက် ပျင်းလာပါလိမ့်မယ်။ အဓိကက ကိုယ့် skill ကို ချွန်အောင် လုပ်ဖို့ အဓိကပေါ့။ 
ကျွန်တော် Facebook Group တွေမှာ လျှောက်ကြည့်မိပါတယ်။ တော်တော်များများက ဟက်ကင်း တတ်ချင်တယ် သင်ချင်တယ်လို့ပဲ ပြောနေကြပါတယ်။ သူတို့ဘာလုပ်ကြသလဲ၊ အချိန်တန် Facebook မှာ ခေါင်းစိုက်သွားကြတာပဲ။ လုပ်ချင်တယ်သာပြောတာ၊ အနစ်နာခံစိတ်၊ သိချင်စိတ် မရှိတော့ ဘယ့်နှာ တတ်မတုံး။ :wako: ဒီတော့ ရသမျှလေ့လာပါ။ ဘရို Big Boss ပြောသလိုဆို တွေ့ကရာ ဖတ်ပါ။ Knowledge ကို တတ်နိုင်သလောက် မြှင့်ပါ။
Hacking လောကမှာ အရေးအကြီးဆုံးတစ်ခုက စိတ်ရှည်ဖို့ပါပဲ။ လပိုင်း ရက်ပိုင်းနဲ့ ၀ုန်းခနဲ ဒိုင်းခနဲ ဟက်ကာကြီးဖြစ်သွားတာ မဟုတ်ကြပါဘူး။ အကုန်လုံးက အချိန်တွေ၊ ရက်တွေ၊ လတွေကို ပေးဆပ်ခဲ့ကြတယ်၊ ကိုယ့် ၀ါသနာကို လုပ်ဖို့ပေါ့။ ဒီတော့ စိတ်ရှည်ပါ။ လုံးဝ စိတ်မပျက်ပါနဲ့။ MSF က လူတွေလည်း ဒီလို အရင်းခံခဲ့လို့ သူများတွေထက် ပိုသိနေကြတာပါ။ :bh:
အောက်ပါ အချက်တွေကတော့ Hacking ကို လေ့လာရာမှာ အနည်းငယ် အသုံးဝင်ပါလိမ့်မယ်။ ကိုယ်သန်ရာသန်ရာပေါ့ 
1. Hacking စကားလုံးတွေကို သိအောင် လုပ်ပါ။
အဲ့ဒါ အရေးအကြီးဆုံးပေါ့။ နို့မို့ရင် Tutorial ကို ဖတ်သာဖတ်နေတာ၊ ဘာတွေမှန်းလဲ နားမလည်၊ ဘာလုပ်ရမှန်းလည်း မသိ၊ ကွန်ပြူတာ စကားလုံး အခြေခံလောက် သိရင် ဒီစာလုံးတွေက မခက်ခဲပါဘူး။ ကျွန်တော်လည်း ဒီလိုပါပဲ။ ဒီက အစ်ကိုတွေ ပြောလိုက်တဲ့ စကားတွေကို နားမလည်ရင် Google ပြေးခေါက်တာပဲ။ ဟီး  ဒါမှ ရှေ့ဆက်လို့ ရမှာကိုး။
2. Technique တွေကို အခြေခံလောက် သိအောင်လုပ်ပါ
Hacking လောကမှာ SQL Injection, LFI, RFI, XSS (Cross Site Scripting), CSRF, Bruteforce, Symlink ဘာဘာညာညာ အများကြီး ရှိပါတယ်။ အဲ့နည်းတွေထဲမှာမှ ထပ်ခွဲတာတွေ အများကြီး ရှိပါသေးတယ်။ စစချင်းတော့ ခေါင်းမူတာပေါ့ :wako: ဒါပေမယ့် အနည်းဆုံးတော့လည်း ဒီနည်းလေးတွေကို သိထားသင့်ပါတယ်။ အကြမ်းဖျင်းပေါ့။ :unsure:
3. အားမလျော့ပါနဲ့
အပေါ်မှာ ပြောခဲ့ပြီးသားပါ။ တစ်ဆိုက် မရ နောက်တစ်ဆိုက်ပေါ့။  ကျွန်တော်လည်း ဟက်ကင်းလေ့လာတဲ့ လပိုင်းအတွင်း Tools တွေနဲ့ inject လုပ်တာတောင် ဘာမှမရပါဘူး  (ရှက်ထှာ) ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး၊ သူများတွေလည်း ဒီလိုပါပဲ။ စိတ်ရှည်ကြပါ။
4. Believe your hands!
Injection သမားတွေ ပြောတဲ့ စကားရှိပါတယ်။ Tools သုံးတာက သူတို့ရဲ့ Skill တွေကို ကျဆင်းစေတယ်တဲ့။ ဟုတ်ပါတယ်။ ဒါပေမယ့် Tools ကို သုံးပါ။ အတိုင်းအတာ တစ်ခု အထိပေါ့။ စစလေ့လာချင်း ဘာတွေမှန်း မသိသေးရင် Tools တွေကို သုံးပြီး ဘယ်လို အလုပ်လုပ်သလဲဆိုတာ လေ့လာကြည့်ပါ။ နားလည်သွားခဲ့ရင် Manual ကို တက်လို့ရပါပြီ
5. Google ကို ဆရာတင်ပါ
Hacker တွေရဲ့ လက်သုံးစကားပါ။ ဘာမှ မရတော့ဘူးလား၊ Google သာ ခေါက်ပြီး မွှေပေရော့။ ဘာလို့လဲဆိုတော့ စာတွေကို ဖတ်ရင်းဖတ်ရင်းနဲ့ Knowledge တွေ ပိုကြွယ်ဝလာပါ့မယ်။
6. Don't learn to hack, hack to learn
နာမည်ကြီးစကားပါ။ ကျွန်တော်လည်း အရင်က ထင်ခဲ့ဖူးပါတယ်။ Hack တယ်ဆိုမှ သူ့ကို ဘာလို့ မသင်ရတာလဲပေါ့။ နောက်မှ နားလည်လာခဲ့တာက သူက စကေးတက်ဖို့ အဓိက ရည်ရွယ်တာလို့ ထင်ရပါတယ်။ Hacking လုပ်ရင်း Knowledge တွေ တိုးလာရတယ်။ ဗဟုသုတ ရတယ်။ အစုံပေါ့ဗျာ။ ဒီတော့ Hack to Learn ဆိုတာ ဒါတွေကို ဆိုလိုတယ် ထင်ပါရဲ့။
7. သူများတွေကို လိုက် မသင်ခိုင်းပါနဲ့
ဟုတ်ကဲ့။ Hacker ဆိုတဲ့ လူတွေကို ဟက်ကင်းတတ်ချင်တယ်၊ သင်ပေးပါ ခင်ညာလို့ သွား မပြောပါနဲ့။ သင်ပေးမှာ မဟုတ်ပါဘူး။ :devlish: အကောင်းဆုံးက ဘယ်က စရမလဲလို့ လောက်ပဲ မေးပြီး ကိုယ့်ဘာကို လေ့လာပါ။ အားလုံးထဲမှာ ဒါကတော့ အကောင်းဆုံးပါ။
8. Follow the mentors
ကိုယ့်ထက် အတွေ့အကြုံ အများကြီးရှိတဲ့လူတွေကို မေးပါ။ တစ်ခါတစ်လေ ကျွန်တော်လည်း Injection မှာ တစ်တတ်ပါတယ်။ w!tch, 133720, Nullbyte တို့ကို တန်းစီ စားခိုင်းပြီး သူတို့ဆီက ပြန်လာတဲ့ အဖြေတွေကို လေ့လာကြည့်ပါတယ်။ ဒါမှလည်း ကိုယ့် အရည်အချင်း ပိစိလေးကနေ တက်မှာပေါ့။  အထွေထွေ ဗဟုသုတာဆို Big Boss ကို ကပ်ပါတယ်။ :eg:
9. Forum တွေကို မွှေပါ
ရွှေလို ဗဟုသုတတွေက Forum တွေက လာပါတယ်။ သူတို့ရဲ့ Discussion တွေကို ဖတ်ပါ။ ဒါမှ သူများ ကြုံနေတဲ့ ဒုက္ခ ကိုယ့်ဆီပြန်ရောက်လာခဲ့ရင် ဖြေရှင်းတတ်အောင်ပါ။ ကျွန်တော်ဆို Forum တွေကို သိပ်သဘောကျသဗျ။ 
ကဲ။ လက်ညောင်းနေပြီဗျာ။ ဒီဥစ္စာကို ရေးလိုက်လို့ နောက်လေ့လာချင်တဲ့ လူတွေ အတွက် တစ်ခုခုရသွားပါစေလို့ မျှော်လင့်မိပါတယ်။
crd to msf

0 comments:

Post a Comment

ဤBlogကသင့်အတွက်အကျိုးရှိစေပါသလား
ရှိပါတယ်
မရှိပါ