ဘဏ်လုံခြုံရေးအကြောင်း တစေ့တစောင်း
------------------------------------------------
အခုတလော ပြည်တွင်းက ဘဏ်တချို့မှာ Internet Banking စနစ်ကို Hijack လုပ်ပြီး ငွေအမြောက်အများ ထုတ်ယူသွားတဲ့ ဖြစ်စဉ်တွေနဲ့ Cheque စနစ်ကို အတုလုပ်ပြီး ငွေသိန်းပေါင်းများစွာ ထုတ်ယူသွားခဲ့တဲ့ ဖြစ်စဉ်တွေကို သတင်းတွေမှာ ဖတ်ပြီးကြပြီး ဖြစ်မှာပါ…။
------------------------------------------------
အခုတလော ပြည်တွင်းက ဘဏ်တချို့မှာ Internet Banking စနစ်ကို Hijack လုပ်ပြီး ငွေအမြောက်အများ ထုတ်ယူသွားတဲ့ ဖြစ်စဉ်တွေနဲ့ Cheque စနစ်ကို အတုလုပ်ပြီး ငွေသိန်းပေါင်းများစွာ ထုတ်ယူသွားခဲ့တဲ့ ဖြစ်စဉ်တွေကို သတင်းတွေမှာ ဖတ်ပြီးကြပြီး ဖြစ်မှာပါ…။
ဒီလို Internet Banking စနစ်ကို Hijack လုပ်ပြီး ATM စနစ်ကနေ ငွေခိုးထုတ်တဲ့ ဖြစ်စဉ်တွေက အခုမှ မဟုတ်ပါဘူး..။ ဟိုအရင်တွေကလည်း ဒီလို ဖြစ်စဉ်တွေ အကြိမ်ကြိမ်ဖြစ်ဖူးပါတယ်။ဒါကြောင့်လဲ ပြည်တွင်း ဘဏ်စနစ်တွေမှာ နိုင်ငံရပ်ခြားက လုံခြုံရေးပညာရှင်တွေကိုယ်တိုင် သူတို့ရဲ့ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ အဆင့်မြင့်လုံခြုံရေးစနစ်တွေကို လာရောက်တပ်ဆင်ပေးခဲ့တာ မြင်သိကြားသိထားပါတယ်…။ ဒါပေမယ့် အမှန်တကယ် Core Banking ကြီးတခုလုံးကို ကာကွယ်နိုင်ရဲ့လားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေပါတယ်..။
စစ်တပ်တွေမှာ ခံစစ်သီအိုရီတခု ရှိပါတယ်..။အဲဒါက” ပြီးပြည့်စုံသော ခံစစ်စခန်းဆိုတာ မရှိ” ပါဘူးတဲ့ ဆိုလိုတာက ခံစစ်စခန်းတခုဟာ အမြဲတမ်း ပြင်ဆင်နေရပါတယ်… ရန်သူလာနိုင်တဲ့ လမ်းကြောင်းတွေ၊ ရန်သူတိုက်နိုင်တဲ့ နည်းဗျူဟာတွေ.. နောက်ပြီး ရန်သူ ဘာလက်နက်သုံးပြီး ဘယ်အချိန်မှာ တိုက်လာနိုင်လဲဆိုတဲ့ဟာတွေကို ဘက်ပေါင်းစုံက စဉ်းစားပြီး ကိုယ်ရဲ့ ခံစစ်စခန်းကို ပြင်ဆင်နေကြရပါတယ်…။ ရန်သူလာရောက်တိုက်ခိုက်ချိန်ဟာ ခံစစ်ပြင်ဆင်မှုလုပ်ငန်း ပြီးဆုံးပါတယ်..။ ကိုယ့်ရဲ့ စခန်းမကျဆုံးခဲ့ဘူးဆိုရင် ခံစစ်ပြင်ဆင်မှု အောင်မြင်ပါတယ်…။
ဒီလိုပါပဲ Cyber Security လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ Software System တွေ၊ ပညာရှင်တွေ ရှိနေပါစေ… Hijack လုပ်ခံရတာ…၊ DDoS နဲ့ တိုက်ခိုက်ခံရတာ၊ Sniffing လုပ်ခံရတာ၊ နောက်ဆုံး Server ကြီးကို Hack လုပ်ခံလိုက်ရတာဟာ အဲဒီအဖွဲ့အစည်းရဲ့ Security လုပ်ငန်းစဉ်ကြီး ကျရှုံးတာပါပဲ…။
iBanking စနစ်ကိုပဲ ရည်ရွယ်ပြီး ရေးပါဦးမယ်..။ ပြည်တွင်းဘဏ်ကြီးတချို့မှာ အမေရိကန်နိုင်ငံထုတ်ကုန် Software တွေသုံးပြီး နိုင်ငံခြားက Cyber လုံခြုံရေးပညာရှင်တွေကို လစာကြေးကြီးကြီး ပေးထားပြီး ခန့်ထားတာ ရှိပါတယ်…။ Cyber Security လုပ်ငန်းတွေကို လုပ်ဆောင်တဲ့အခါမှာ Security Rules တွေကို အခြေခံပြီး လုပ်ဆောင်ရတာမှန်ပေမယ့် ဒီအချက်တွေကနေ ဖောက်ထွက်ပြီး Penetration Testing လုပ်ဆောင်ရတာတွေလည်း ရှိပါတယ်… ။
Pentest လုပ်ဆောင်ချက်တွေရဲ့ နည်းလမ်းဟာ အကန့်အသတ်မဲ့တာကြောင့် ဘယ်လောက်ပဲ လုံခြုံကောင်းမွန်တဲ့ စနစ်ဖြစ်ပါစေ တချိန်ချိန်မှာ ကျိုးပေါက်သွားရတာချည်းပါပဲ…။ Pentester တွေဟာ ပညာအရည်အချင်း၊ အသက်အရွယ်၊ ဘွဲ့ ဒီဂရီသတ်မှတ်ချက်တွေနဲ့ ညီချင်မှ ညီပါမယ်… သူတို့ရဲ့ ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီး Rules တွေကို ကျော်ဖြတ်နိုင်စွမ်းရှိပါတယ်…။ မြန်မာနိုင်ငံမှာလည်းပဲ ဒီလို ပညာရှင်တွေအများကြီးရှိတာကြောင့် Bank တွေအနေနဲ့ သူတို့ကို လစာနဲ့ အခွင့်အရေးကောင်းတွေပေးအပ်ပြီး နေ့စဉ် Pentest လုပ်ဆောင်နေသင့်ပါတယ်..။ Pentester တွေရဲ့တွေ့ရှိချက်အလိုက် နေ့စဉ်၊ အပတ်စဉ်၊ လစဉ် စသဖြင့် Banking System တွေကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ကြရပါမယ်…။ စက်တွေမှာ Software တွေ run ထားရုံနဲ့ Banking System ကြီးကို လုံခြုံအောင် မလုပ်ထားနိုင်ပါဘူး..။
နောက်တခါ Bank တွေအနေနဲ့ နိုင်ငံတကာက Bank တွေလို ပြင်ပပညာရှင်တွေနဲ့ Third party အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး Pentest လုပ်ခိုင်းတာ၊ တွေ့ရှိတဲ့ Exploit တွေ၊ Bug တွေရဲ့ value အလိုက် ဆုကြေးငွေတွေ ချီးမြှင့်တာတွေ လုပ်ဆောင်သင့်ပါတယ်..။ အရင်က ဒီလို Pentest လုပ်ခဲ့ကြသော်ငြားလည်း Ethic မရှိတဲ့ ဘဏ်တချို့ကြောင့် ပြည်တွင်းက ပညာရှင်တွေဟာ ချီးမြှောက်ခံရဖို့နေနေသာ အသိအမှတ်တောင် အပြုမခံရပါဘူး။ ပြည်တွင်းက Bank တခုဆိုရင် သူတို့ရဲ့ Admin Panel ထဲကို အလွယ်တကူဝင်ရောက်နိုင်တာကို သွားပြတာတောင်မှ အရေးမကြီးပါဘူးဆိုတဲ့ တုန့်ပြန်ချက်ကို ပေးလိုက်ပါတယ်…။ ဘဏ်တခုအောင်မြင်တယ်ဆိုတာ ပြည်သူလူထုရဲ့ယုံကြည်မှုက အဓိကကျပါတယ်…။ အဲဒီဘဏ်ဟာ အပေါ်မှာ ရေးသားခဲ့သလို လုံခြုံကောင်းမွန်မှု မရှိရင် ဘယ်သူမှ ယုံကြည်ပြီး ကိုယ်ရဲ့ငွေတွေလာအပ်မှာမဟုတ်ပါဘူး….။
ဒါကြောင့် တိုင်းပြည်ရဲ့ ဂုဏ်ကိုဆောင်မယ့် ဘဏ်တွေရဲ့ Banking စနစ်တွေ လုံခြုံကောင်းမွန်ဖို့က Software တွေ၊ Bank IT Department တွေနဲ့တင် မလုံလောက်ဘဲ Third Party အဖွဲ့အစည်းတွေနဲ့ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်တဲ့ Security System ကြီးတခုကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်….
crd..
crd..









0 comments:
Post a Comment