ငွေကြေးဖောင်းပွမှု (inflation) ကြောင
ဖြစ်လာနိုင်သည့် အခြေအနေ (၉) ခု
======================
၁။ ငွေတန်ဖိုး (purchasing power) ကျဆင်းခြင်း
-------------------------------------------------
ငွေကြေးဖောင်းပွခြင်းရဲ့ ပထမဆုံး ရိုက်ခတ်မှုက
ငွေတန်ဖိုး ကျဆင်းတာပါ။
ငွေကြေးဖောင်းပွမှုကြောင့် ဈေးတွေတက်လာမယ်။
ဒါဆိုရင် ငွေရဲ့ တန်ဖိုးကလည်း ကျဆင်းသွားပါတယ်။
အထင်သာအမြင်သာဆုံး ဥပမာပေးရရင်
အရင်က ကော်ဖီတစ်ခွက်ကို ၁၀ ဆင့်သာ ရှိခဲ့ရာကနေ
ဒီနေ့မှာ ၂ ဒေါ်လာလောက် ရှိနေတာပါ။
ဒီလို ကော်ဖီးဈေးတက်မှုဟာ ကော်ဖီကိုလူကြိုက်များပြီး
ဝယ်လိုအားတက်လာတာ ဒါမှမဟုတ်
ကော်ဖီထုတ်လုပ်သူတွေက ဈေးကစားတာ၊
ဒါမှမဟုတ် ကော်ဖီအဓိကစိုက်ပျိုးတဲ့ဒေသတွေမှာ
မိုးအကြီးအကျယ်ခေါင်တာ၊ ရေကြီးတာ၊ ပဋိပက္ခတွေဖြစ်တာ
စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
အဲဒီလို အခြေအနေမျိုးတွေမှာ ကော်ဖီဈေးက
တက်လာမှာဖြစ်ပေမယ့် အခြား စီးပွားရေးတွေကတော့
သိသိသာသာ ထိခိုက်မှာ မဟုတ်ပါဘူး။
ဒါမျိုးဆိုရင် ကော်ဖီဈေးတက်မှုဟာ
ငွေကြေးဖောင်းပွမှုကြောင့်လို့ ပြောလို့ မရပါဘူး။
ဘာ့ကြောင့်လည်းဆိုတော့ ကော်ဖီကို နှစ်ခြိုက်တဲ့သူတွေသာ
ဈေးတက်မှုကို ခံစားရမှာ ဖြစ်တာကြောင့်ပါပဲ။
ငွေကြေးဖောင်းပွမှုကို ဈေးကွက်မှာရှိနေတဲ့ ကုန်ပစ္စည်းတွေ၊
ဝန်ဆာင်မှုတွေအားလုံး တက်လာတာ
ဥပမာအားဖြင့် CPI အပြောင်းအလဲဖြစ်တာကို ခေါ်ဆိုတာပါ။
အစားသောက်နဲ့ ရေနံတွေလိုမျိုး မရှိမဖြစ် ကုန်ပစ္စည်းဈေးတွေ
တက်လာပြီဆိုရင်တော့ ပစ္စည်းအားလုံးအပေါ်မှာ
ဒီငွေကြေးဖောင်းပွမှုက သက်ရောက်သွားမှာပါ။
ဒါ့ကြောင်ပဲ စီးပွားရေးပညာရှင်တွေက core inflation ကို
သုံးသပ်ရင် အစားအသောက်နဲ့ လောင်စာတို့ကို
ဖယ်ထားတာ ဖြစ်ပါတယ်။
၂။ ရင်းနှီးမြှုပ်နှံမှု၊ သုံးစွဲမှု တိုးလာခြင်း
~~~~~~~~~~~~~~~~~~~~~~~~
ငွေတန်ဖိုး (purchasing power) ကျပြီဆိုတာနဲ့
လုပ်ရမှာက ၀ယ်စရာရှိတာတွေကို မြန်မြန်ဝယ်ထားဖို့ပါ။
ငွေကိုင်ထားရင် တန်ဖိုးကျသွားတာပဲ အဖတ်တင်မှာ
ဖြစ်တာကြောင့် ဈေးဝယ်ထွက်တာမျိုးတွေ၊
တန်ဖိုးမကျသွားနိုင်မယ့် ပစ္စည်းတွေ ၀ယ်ယူစုဆောင်းတာမျိုး
ဖြစ်လာပါတယ်။
သာမန်လူတွေက အခုလိုအပ်နေတာတွေ၊
အနာဂတ်အတွက် လိုအပ်လာမယ့်ဟာတွေ ၀ယ်ကာ
ငွေတန်ဖိုး ကျဆင်းမှုကို ရှောင်ရှားကြလို့ 
စီးပွားရေးသမားတွေကလည်း ငွေအလုံးအရင်းနဲ့
ရင်းနှီးမြှုပ်နှံတာမျိုး တွေ ဖြစ်လာပါတယ်။
ရင်းနှီးမြှုပ်နှံသူ အများစုကတော့ ရွှေနဲ့ အခြားသော
တန်ဖိုးရှိ ပစ္စည်းတွကို ၀ယ်ယူကြပါတယ်။
ဒါပေမယ့် အဲဒီလို ကုန်စည်တွေ အလွှဲအပြောင်းများတာက
ရေတိုမှာ ဈေးနှုန်းမြင့်တက်မှုကို ကာကွယ်နိုင်မယ့်
စွမ်းအားတွေကို ဖြုန်းတီးပစ်လိုက်ရာ ရောက်ပါတယ်။
ရေရှည်အတွက်ဆိုရင် ငွေကြေးဖောင်းပွမှုကို
ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးသောနည်းလမ်းက
ရှယ်ယာဈေးတွေ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် အစပိုင်းတုန်းက Walt Disney ရဲ့
ရှယ်ယာ DIS တစ်ခုဟာ လက်ရှိ ဒေါ်လာဈေးနဲ့ဆိုရင်
၃၇.၀၀ ဒေါ်လာ ရှိပါတယ်။
Yahoo Finance ရဲ့ အဆိုအရ အကျိုအမြတ်ခွဲဝေမှု (dividends) နဲ့ ရှယ်ယာခွဲထုတ်မှု (Stock split)
တွေလုပ်ပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ
၁၈ ရက်နေ့မှာတော့ ရှယ်ယာတစ်ခုဈေးဟာ
၁၆၂၃.၀၈ ရှိခဲ့တယ်လိုပ ဆိုပါတယ်။
အလုပ်သမား စာရင်းအင်းဗျူရို (BLS) ရဲ့
CPI တွက်ချက်မှုအရ ဒီဈေးဟာ ၁၉၆၂ ခုနှစ်
ဒေါ်လာဈေးနဲ့တွက်ရင် ၂၀၂. ၇၈ ဒေါ်လာ ရှိနေပြီး
ဈေးတက်မှု ၄၄၅ ရာခိုင်နှုန်း၊
တစ်နှစ်ကို ၈ ရာခိုင်နှုန်းလောက် တက်ခဲ့တာ ဖြစ်ပါတယ်။
ရှယ်ယာတစ်ခုစာ ၃၇.၂၂ ဒေါ်လာကို အဲဒီအချိန်တုန်းက
အံဆွဲထဲထည့်ပြီး သော့ခတ်ခဲ့မယ်ဆိုရင်
အခုအချိန် အံဆွဲသွားဖွင့်ရင် ၃၇.၂၂ ဒေါ်လာသာ
ပြန်ရမှာ ဖြစ်ပြီး ငွေတန်ဖိုးကတော့ ၁၉၆၂ ခုနှစ်အချိန်နဲ့
တွက်ရင် ၄.၆၅ ဒေါ်လာ တန်ဖိုးသာ ရှိမှာဖြစ်ပါတယ်။
ဒါဟာ ၈၈ ရာခိုင်နှုန်း ငွေတန်ဖိုးကျဆင်းသွားတာဖြစ်ပြီး
တစ်နှစ်ကို ၁.၆ ရာခိုင်နှုန်း ကျဆင်းတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရှယ်ယာတိုင်းကတော့ ဒီလို
ဈေးတက်မယ်လို့ ပုံသေတွက်လို့ မရပါဘူ။
၃။ ငွေကြေးဖောင်းပွမှုတွေ ပိုဖြစ်ခြင်း
~~~~~~~~~~~~~~~~~~~~~~
ငွေကြေးဖောင်ပွမှုကို ကြောက်လို့ ငွေတွေပိုသုံးမယ်၊
ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်မယ်ဆိုရင် ငွေကြေးဖောင်းပွမှု
ပိုဖြစ်မှာဖြစ်ပြီး ဒီအထဲမှာပဲ သံသရာလည်နေမှာ ဖြစ်ပါတယ်။
ပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေဟာ
တန်ဖိုးကြနေတဲ့ငွေကို အချိန်ကြာကြာ ကိုင်မထားချင်လို့
များများသုံးလေလေ၊ စီးပွားရေဈေးကွက်မှာ ငွေသားတွေ
ပုံလေလေပါပဲ။
ရှင်းအောင်ပြောရင် ငွေသားကို ၀ယ်လိုအားထက်
ရောင်းလိုအားက အဆမတန်မျာပြားလာကာ
ငွေတန်ုဖိုးကလည်း မြန်မြန်ဆန်ဆန်ကို
ကျဆင်းသွားပါလိမ့်မယ်။
ဒါမျိုအခြေအနေ ပိုဆိုးလာပြီဆိုရင်တော့
စီးပွားရေးနဲ အိမ်သုံးပစ္စည်းတွေဟာ ဆိုင်တွေမှာ
မကျန်သလောက် ဖြစ်သွားပါလိမ့်မယ်။
လူတွေကလည်း ပိုက်ဆံတွေကို
ကိုင်မထားချင်ကြတော့တာကြောင် လခထုတ်ရက်တွေမှာ
အလုအယက်ဝယ်ယူမှုတွေ ဖြစ်လာပါလိမ့်မယ်။
အဲဒီလိုအခြေအနေမျိုးကို ငွေကြေးထပ်ဆင့်ဖောင်းပွခြင်း (hyperinflation) လို့ခေါ်ပြီး ၂၀၀၀ ပြည့်နှစ်တွေမှာ
ဇင်ဘာဘွေပြည်သူတွေဟာ မီလီယံ၊ ဘီလီယံ တန်ဖိုးရှိတဲ့
ငွေစက္ကူတွေ ကိုင်သုံးရတာ၊ ၁၉၂၀ မှာ ပြည့်နှစ်တွေမှာ
ဂျာမနီ (အဲဒီအချိန်က ဝေမာပြည်သူ့သမ္မတနိုင်ငံ) ရဲ့
ငွေကြေးဟာ ကန်တစ်ဒေါ်လာကို ၁ ထရီလီယံအထိ
ရောက်ခဲ့တာ၊ ၁၉၈၀ ပြည့်နှစ်တွေက ပီးရူးကော်ဖီဆိုင်တွေ
တစ်ရက်ထဲမှာ ကော်ဖီဈေးကို ၂ ဆ တင်လိုက်တာ၊
၂၀၁၀ နောက်ပိုင်း ဘိုလီဗီးယားကသူခိုးတွေဟာ
ဘိုလီဗာငွေကြေးကို ခိုးဖို့ ငြင်းဆန်လာတွေက
hperinflation ရဲ့ အကောင်းဆုံး သက်သေတွေပါပဲ။
၎။ အတိုးနှုန်းတက်ခြင်း
~~~~~~~~~~~~~~~~
Hyperinflation ဖြစ်တာကို မြင်လာရပြီဆိုရင်
အစိုးရက ဒါကို ထိန်းသိမ်းဖို့ လုံးဝ တာဝန်ရှိလာပါပြီ။
ပြီးခဲ့တဲ့ရာစုမှာတော့ အမေရိကန်ဟာ
ဒီလိုငွေကြေးဖောင်းပွမှုကို ငွေကြေးပေါ်လစီ
(monetary policy) နဲ့ ထိန်းပါတယ်။
ဗဟိုဘဏ်တွေက ငွေကြေးဖောင်းပွမှုကို
အတိုးနှုန်းအတက်အကျနဲ့ ထိန်းတာမျိုးပါ။
အတိုးနှုန်းနည်းနေရင် ကုမ္ပဏီတွေ၊ ပြည်သူတွေက
စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ ငွေကို
အတိုးနှုန်း သက်သက်သာသာနဲ့ ချေးနိုင်မယ်။
လုပ်ငန်းအဆင့်မြှင့်တာ၊ အလုပ်သမားအသစ်တွေခန့်ဟာ၊
ဒါမှမဟုတ် ဇိမ်ခံကား လေးတစ်စီးလောက် ၀ယ်စီးတာမျိုးကို
ကြောင့်ကြမှုမရှိဘဲ လုပ်နိုင်မှာပါ။
နောက်ပြီး အတိုးနှုန်းနည်းတာကြောင့် သုံးစွဲမှု၊
ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာမယ်။
နောက်ဆက်တွဲ ကပ်ပါလာတာကတော့
စတော့ဈေးတက်တာပါပဲ။
အတိုးနှုန်းတက်ပြီဆိုရင်တော့ ဗဟိုဘဏ်က
နဖားကြိုး စောင့်ဆွဲလိုက်တာပါ။
ဝယ်ထားတဲ့ပစ္စည်းအတွက် လစဉ်အရစ်ကျပေးနေတာတွေ
မြင့်လာမယ်။
ကုမ္ပဏီတွေကလည်း ဘဏ်ကြွေးအတွက်
အတိုးတက်လာမှာပါ။
လူတွေက အတိုး မျိုးမျိုးမြက်မြက်ကလေး ရဖို့အတွက်
ရှိတာတွေအကုန် ဘဏ်မှာ လာအပ်ပါလိမ့်မယ်။
ဒါဆိုရင် ပြင်ပမှာ လည်ပတ်နေတဲ့ငွေ ရှားမယ်။
ငွေရဲ့တန်ဖိုးကလည်း တက်လာပါလိမ့်မယ်။
ဗဟိုဘဏ်တွေ မကြိုက်တဲ့ အချက်တစ်ခုက
ငွေကြေးတန်ဖိုး အရမ်းတက်လာမှာပါပဲ။
ငွေကြေးတန်ဖိုး အလွန်အမင်းကျဆင်းတာ
(hyperinflation) ကို ဘဏ်တွေက မကြိုက်သလို၊
တန်ဖိုးတက်တာ (deflation) ကိုလည်း
သူတို့က မကြိုက်ကြပါဘူး။
ဒါ့ကြောင့် ငွေကြေးဖောင်းပွမှု မျှော်မှန်းပစ်မှတ်ကို
ရောက်ရှိရေးအတွက် အတိုးနှုန်းကို အတင်အချ
လုပ်လေ့ရှိပါတယ်။
(ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှု ပစ်မှတ်က
၂ ရာခိုင်နှုန်းဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ
၃ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်း ဖြစ်ပါတယ်)
ငွေကြေးဖောင်းပွမှုကို ထိန်းဖို့အတွက် ဗဟိုဘဏ်တွေရဲ့
သီအိုရီဆန်တဲ့ နောက်ထပ် နည်းလမ်းတစ်ခုက
တိုင်းပြည်အတွင်း ငွေကြေးလည်ပတ်မှု
(money supply) ကို အတိုးအလျော့လုပ်တဲ့နည်း
ဖြစ်ပါတယ်။
အတိုးနှုန်းတက်ဖို့လည်း မလွယ်တဲ့အခါမျိုးမှာဆိုရင်
ဗဟိုဘဏ်တွေဟာ အစိုးရ ငွေတိုက်စာချုပ်တွေကို
ထုတ်ရောင်းပြီး လည်ပတ်နေတဲ့ငွေတွေကို
ရသလောက် ပြန်ယူပါတယ်။
money supply ကျပြီဆိုတာနဲ့
ငွေကြေးဖောင်းပွမှုလည်း ကျဆင်းပါပြိ။
၅။ အတိုးနှုန်း ကျဆင်းခြင်း
~~~~~~~~~~~~~~~~~
ဗဟိုဘဏ်ဆိုတာမျိုး မရှိဘူး။
ဒါမှမဟုတ် ရှိတဲ့ဗဟိုဘဏ်ကိုလည်း
နိုင်ငံရေးသမားက ထိန်းချုပ်ထားမယ်ဆိုရင်
ငွေကြေးဖောင်းပွမှုကြောင့် အတိုးနှုန်းကျဆင်းတာမျိုး
ဖြစ်နိုင်ပါတယ်။
ဥပမာအားဖြင့် တစ်နှစ်ကို အတိုး ၅ ရာခိုင်နှုန်းနဲ့
ဒေါ်လာ ၁၀၀၀ ချေးပြီဆိုပါစို့။
ငွေကြေးဖောင်းပွမှုက ၁၀ ရာခိုင်နှုန်းရှိနေရင်
အတိုးနဲ့ပေါင်းရင်တောင် ငွေတန်ဖိုးက
သိသိသာသာ ကျဆင်းသွားမှာပါ။
ပြည်သူတွေ အကြွေးထူလာရင် နိုင်ငံရေးသမားတွေက
ငွေစက္ကုရိုက်ထုတ်ပြီး ကူညီချင်ယောင်ဆောင်ကာ
မဲဝယ်ကြပါတယ်။ ဒါဆိုရင်တော့ ငွေကြေးဖောင်းပွမှုတွေ
မြင့်တက်လာမယ်၊
ပြည်သူတွေရဲ့အကြွေးတွေကတော့ လျော့ပါးသွားပါလိမ့်မယ်။
ဒါပေမယ့် အစိုးရကတော့ အကြွေးဝန်ပိပါပြီ၊
နိုင်ငံရေးသမားတွေကလည်း
ဒီအကြွေးတွေဆပ်ဖို့ ငွေစက္ကူတွေ ထပ်ရိုက်ထုတ်မယ်။
အဲဒီလို သံသရာ လည်နေပါလိမ့်မယ်။
(၁၉၂၀ ပြည့်နှစ်တွေက ဂျာမနီ သံသရာလည်တဲ့ ပုံစံမျိုးပါ။)
နိုင်ငံရေးသမားတွေရဲ့ ဒီလိုမဆင်မခြင်လုပ်ရပ်တွေကြောင့်
ဘဏ္ဍာရးနဲ့ ငွေကြေးပေါ်လစီချမှတ်မှုကို
အစိုးရသြဇာအောက်က ဖယ်ထုတ်ထားရမယ်ဆိုတဲ့အတွေးကို
နိုင်ငံတော်တော်မားများက ရလာကြပါတယ်။
အမေရိကန်ရဲ့ Fed ဟာ အလုပ်အကိုင်အများဆုံး
ဖန်တီးပေးနိုင်အောင်၊ ဈေးက တည်ငြိမ်နေအောင်
လုပ်ဆောင်နိုင်တဲ့ ပါဝါရှိပါတယ်။
ဒီလိုလုပ်ဖို့ လွှတ်တော်နဲ့ သမ္မတတို့ရဲ့ သဘောတူညီချက်
မလိုသလို၊ အတိုးနှုန်းကိုလည်း Fed ကိုယ်တိုင်က
လွတ်လွတ်လပ်လပ် အတင်အချ လုပ်ပိုင်ခွင့် ရှိပါတယ်။
ဒါပေမယ့် ပေါ်လစီချမှတ်ရေးမှာ အစိုးရနဲ့
လုံးဝ လွတ်ကင်းနေတာတော့ မဟုတ်ပါဘူး။
မီနီယာ ပိုလစ်က Fed ဥက္ကဌ နာရာယာနာ
ကိုချာလာကိုတာက Fed ရဲ့ လွတ်လပ်မှုဟာ
၁၉၇၉ ခုနှစ်နောက်ပိုင်း သမ္မတက သိပ်ပြီး
ဝင်မစွက်တော့တဲ့ အချက်ကြောင့်ဖြစ်တယ်လို့
နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
၆။ အလုပ်လက်မဲ့နှုန်း ကျဆင်းခြင်း
~~~~~~~~~~~~~~~~~~~~~
ငွေကြေးဖောင်းပွမှုက အလုပ်လက်မဲ့နှုန်းကို
ကျဆင်းစေနိုင်တယ်ဆိုတဲ့ သာဓကတွေ ရှိပါတယ်။
ငွေကြေးဖောင်းပွမှုဟာ လုပ်ခလစာအပေါ်မှာ
အပြောင်းအလဲ (sticky) ဖြစ်နိုင်ပါတယ်။
ဂျွန် မေနာ့ဒ် ကီးနက်စ်ကတော့ ၂၀ ရာစုမှာ
စီးပွားရေး ကျဆင်းမှု အဆိုးဝါးဆုံးဖြစ်တဲ့
Great Depression ကာလမှာ လုပ်ခလစတွေ
ထိုးကျသွားတာကြောင့် အလုပ်သမားတွေ အလုပ်ထွက်တာ
များလာကာ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာကို
ထောက်ပြပါတယ်။
ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာရင်တော့
အလုပ်ရှင်တွေရဲ့ အလုပ်သမားတွေကိုပေးရတဲ့လစာဟာ
ဝင်ငွေနဲ့ယှဉ်ရင် ပိုပြီးနည်းတာနေတာကြောင့်
အလုပ်သမားအသစ်တွေကို ခန့်လာနိုင်မှာပါ။
ဒါဆိုရင် ငွေကြေးဖောင်းပွမှုနှုန်းနဲ့ အလုပ်လက်မဲ့နှုန်းဟာ
ပြောင်းပြန်အချိုးကျပြီ ဒါကို Phillips curve လို့ ခေါ်ပါတယ်။
အလုပ်လက်မဲ့နှုန်းကျတာနဲ့ ဒီဇယားက အလုပ်ဖြစ်ပါပြီ။
အလုပ်သမားတွေရှားတာကြောင့် အလုပ်ရှင်တွေက
လိုတဲ့လူရဖို့အတွက် လခပိုပေးရတယ်။
လုပ်ခလစာ တက်လာတာကြောင့် တစ်ဦးချင်း
ငွေကြေးသုံးစွဲမှုကလည်း တက်လာတယ်။
တစ်ဆက်တည်း စီးပွားရေးပါတက်လာသလို
ငွေကြေးဖောင်းပွမှုလည်း တက်လာပါတယ်။
ဒါကို cost-push inflation လို့ ခေါ်ပါတယ်။
၇။ တိုးတက်မှုနှုန်း မြင့်တက်လာခြင်း
~~~~~~~~~~~~~~~~~~~~~~
ငွေကြေးဖောင်းပွမှုကို တွန်းလှန်ဖို့အတွက်
အတိုးနှုန်းတက်ဖို့ ဗဟိုဘဏ်က မလုပ်ဘူးဆိုရင်
လူတွေက ဘဏ်ကနေ ငွေတွေလာထုတ်မယ်။
ငွေတန်ဖိုးကျတာကြောင့် ပစ္စည်းဝယ်တာတွေ
ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်။
အနည်းဆုံး ရေတိုမှာ ဒီလို သုံးစွဲမှု၊ ရင်းနှီးမှုတွေက
စီးပွားရေးတိုးတက်မှုကို ဖြစ်စေပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုဟာ
ပြောင်းပြန် အချိုးကျတာကြောင့် ငွေကြေးဖောင်းပွမှု
မြင့်လေလေ အလုပ်လက်မဲ့နှုန်း ကျဆင်းလေလေဖြစ်ပြီး
စီးပွားရေးတိုးတက်မှုကို ဖြစ်စေပါတယ်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာအထိ ဗဟိုဘဏ်တွေဟာ
ငွေကြေးဖောင်းပွမှုကို
ကောင်းမွန်တဲ့အခြေအနေတစ်ခုအထိရောက်အောင်
ထိန်းမထားနိုင်တာ တွေ့ရပါတယ်။
အတိုးနှုန်းကို သုညအောက်ထိ ချပစ်တာကလည်း
အလုပ်မဖြစ်သလို၊ quantitative easing လို့ခေါ်တဲ့
ဒေါ်လာ ထရီလီယံချီအသုံးပြုကာ ပိုင်ဆိုင်မှုဝယ်တဲ့
ကျားကန်မှုအစီအစဉ်ကလည်း အလုပ်မဖြစ်ပါဘူး။
ဒါမျိုးအခြေအနေကို liquidity trap လို့ခေါ်ပြီး
ဗဟိုဘဏ်တွေက စီးပွားရေးတိုးတက်ဖို့
ငွေတွေ ထပ်ထည့်ပေးပေမယ့် စီးပွားရေးသမားတွေက
ဘဏ္ဍာရေးအကျပ်အတည်းအပြီး အန္တရာယ်ဖြစ်လာမှာ
ကိုကြောက်နေတာကြောင့် ငွေတွေကို ကိုင်ထားပြီး
ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုနှေးကွေးတဲ့
disinflation ကို ဖြစ်စေပါတယ်။
ဒီလိုအချိန်မျိုးမှာတော့ ငွေကြေးဖောင်းပွမှုဟာ
စီးပွားရေးတိုးတက်မှုအတွက် မောင်းနှင်အားဖြစ်ပြီး၊
ထရမ့်အနိုင်ရလိုက်တာကြောင့် သူ့ရဲ့ပေါ်လစီနဲ့
ငွေကြေးဖောင်ပွမှုမျှော်မှန်းချက် တက်လာမှာကို
ဈေးကွက်က ကြိုဆိုခဲ့ကြတာပါပဲ။
၈။ အလုပ်အကိုင်ပေးနိုင်မှုနှင့်
စီးပွားရေးတိုးတက်မှု လျော့ကျခြင်း
~~~~~~~~~~~~~~~~
ငွေကြေးဖောင်းပွမှုမှာ အကျိုးကျေးဇူးရှိတယ်လို့
ပြောရင်တော့ ၁၉၇၀ ပြည့်နှစ် စီးပွားပျက်ကပ်ကို
သိရှိသူတွေက အံ့သြကောင်း အံ့သြကြပါလိမ့်မယ်။
ဒီနေ့ခေတ် ကြုံတွေ့နေရတဲ့ တိုးတက်မှု နှေးကွေးတာ၊
(ဥရောပမှာ) အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာ၊
ငွေတန်ဖိုးတက်လာတာ (deflation)၊
တစ်နှစ်ကို ဈေးတွေက ၂ ရာခိုင်နှုန်းကနေ
၃ ရာခိုင်နှုန်းလောက် တက်လာတာက
အကောင်းထက် အဆိုးဘက်ကို ဦးတည်နေပါတ်။
ဒါပေမယ့် စီးပွားရေးတိုးတက်မှု နှေးကွေးတာ၊
အလုပ်လက်မဲ့နှုန်း မြင့်တက်တာနဲ့
ငွေကြးဖောင်းပွမှုက ဂဏန်း ၂ လုံး ဖြစ်နေတာတွေကို
မြင်နေရပြီဆိုရင်တော့ ၁၉၆၅ ခုနှစ် ဗြိတိန် ကွန်ဆာဗေးတစ်ပါတီဝင် အမတ်တစ်ဦးက ကင်ပွန်းတပ်ခဲ့တဲ့
stagflation ကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
၁၉၇၀ ပြည့်နှစ်တွေက စီးပွားရေး ချွတ်ခြုံကျမှုကိုဖြစ်စေတဲ့
နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့
၁၉၇၁ ခုနှစ်မှာ အမေရိကန်သမ္မတ နစ်ဇွန်က
ရွှေကို ဒေါ်လာအတွက် စံသတ်မှတ်ချက်ထားမှုကို
ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။
အဲဒီအချိန်မှာ အမေရိကန်ဒေါ်လာဈေးဟာ
အခြားငွေကြေးတွေနဲ့ယှဉ်ရင် သိသိသာသာ
ကျဆင်းသွားခဲ့ပါတယ်။
ဒါတင်မကသေးဘဲ ၁၉၆၀ ပြည့်နှစ်အလယ်ပိုင်းကနေ
နှောင်းပိုင်းအထိ ငွေကြေးဖောင်းပွမှု
တအားမြင့်တက်လာတာ (အဲဒီကာလမှာ
အလုပ်လက်မဲ့နှုန်းကတည်း နှစ်အနည်းငယ်
မြင့်တက်ခဲ့ပါသေးတယ်) ကလည်း စီးပွားပျက်ကပ်ကို
အစပျိုးပေးလိုက်တာပါပဲ။
ဒီပြဿနာအတွက် စီးပွားရေးပညာရှင်တွေကတော့
အမေရိကန် Fed ကို လုံးဝ အပြစ်တင်ခဲ့ပါတယ်။
၁၉၆၀ နောက်ဆုံးပိုင်းနှစ်တွေမှာ M2 (money supply
ကိုတိုင်းသည့် စနစ်တစ်ခု) ဟာ ၉၇.၇ ရာခိုင်နှုန်းအထိ
တက်လာပြီး GDP တက်မှုရဲ့ နှစ်ဆလောက်
မြန်မြန်ဆန်ဆန် တက်ခဲ့တာပါ။
ဒီအခြေအနေကို စီးပွားရေးပညာရှင်တွေက
ငွေအများကြီးဟာ ကုန်စည်နည်းနည်လေးကိုနောက်
လိုက်တယ်လို့ ကင်ပွန်းတပ်ခဲ့ပြီး
demand-pull inflation လို့ အမည်တစ်ခု ပေးခဲ့ပါတယ်။
၁၉၇၀ ပြည့်နှစ်တွေမှာ ပေါ်ပေါက်လာတဲ့
Supply-side economists သီအိုရီအရ
စီးပွားရေးပညာရှင်တွေက အမေရိကန်သမ္မတရေဂင်ရဲ့
အခွန်မြှင့်မှု၊ ၀န်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဥပဒေတွေ၊
စီးပွားရေးကပ်ကြောင့် အကြပ်အတည်းတွေ့နေရတဲ့
ပြည်သူတွအတွက် လူမှုဖူလှုံရေးအစီအစဉ်တွေကို
အပြစ်တင်ခဲ့ပါတယ်။
အစိုးရရဲ့ ပေါ်လစီအပြောင်းအလဲတွေ၊
Fed က ပေါ်လစီတင်းကျပ်မှုတွေကြောင့်
Stagflation အခြေအနေက အဆုံးသတ်သွားပါတယ်။
အခုအချိန်မှာလည်း တစ်ချို့ စီးပွားရေးပညာရှင်တွေက
ထရမ့်ရဲ့ ပေါ်လစီတွေဟာ Stagflation ကို
ထပ်ဖြစ်မလားဆိုတာကို စိုးရိမ်နေကြပါတယ်။
၉။ ငွေကြေး တန်ဖိုးတက်မှု (သို့မဟုတ် တန်ဖိုးကျမှု)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းဟာ
ငွေလဲနှုန်း ကျဆင်းမှုနဲ့လည်း ဆက်စက်နေပြီး
ငွေကြေး တန်ဖိုးကျပြီဆိုရင် ဖောင်းပွလာတာပါပဲ။
ကိုယ့်ရဲ့ငွေက ကုန်သွယ်ဖက်နိုင်ငံကငွေထက်
တန်ဖိုးကျရင် တင်သွင်းတဲ့ပစ္စည်းအတွက် ငွေပိုပေးရပါတယ်။
ဒါ့ကြောင့် ငွေတန်ဖိုးကျတဲ့ တိုင်းပြည်မှာ
ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပါတယ်။
ပစ္စည်းတွေဈေးတက်တာကလည်း ငွေကြေးဖောင်းပွမှုကို
ဖြစ်စေနိုင်ပါတယ်။
ထရမ့်အနိုင်ရပြီးတဲ့နောက်ပိုင်းမှာ
ငွေကြေးဖောင်းပွမှုမျှော်လင့်ချက် မြင့်တက်လာတာက
ဒေါ်လာတန်ဖိုးကို မြင့်တက်စေပါတယ်။
အကြောင်းအရင်းကတော့ ကမ္ဘာတစ်ဝှမ်း
ဗဟိုဘဏ်တွေရဲ့ အတိုးနှုန်းဟာ လူ့သမိုင်းတစ်လျှောက်
အနိမ့်ဆုံးမှာ ရှိနေပြီး ဈေးကွက်က ချေးငွေတွေကို
အတိုးနှုန်းနည်းနည်းနဲ့ ရယူနိုင်မယ့် အခွင့်အရေးဆီကို
အလုအယက် ၀င်လာတာကြောင့်ပဲ ဖြစ်ပါတယ်။
အမေရိကန်ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှု မျှော်လင့်ချက်ကို
မြှင့်တင်လိုက်တာဟာ အတိုးနှုန်းတက်မယ်ဆိုတာကို
အချက်ပြလိုက်တာဖြစ်ပါတယ်။
အတိုးနှုန်းနဲ့ ငွေကြေးဖောင်းပွမှု မျှော်လင့်ချက်ဟာ
ခဏတဖြုတ်လောက်တော့ ငြိမ်နေမယ်လို့ မျှော်လင့်ရပါတယ်။
Fed က အတိုးနှုန်း မျှော်လင့်ချက်ကို ၂ ရာခိုင်နှုန်းအထိ
တိုးမြှင့်မှုနဲ့အတူ ဈေးတွေကလည်း လိုက်တက်လာပါတယ်။
Fed ရဲ့ အတိုးနှုန်းဟာ ၁၀ စုနှစ် တစ်ခုအတွင်းမှာ
ဝ.၅-၀.၇၅ ရာခိုင်နှုန်းအထိသာ တက်ထားပါတယ်။
ငွေတိုက်စာချုပ် yield တွေ၊ ဒေါ်လာပေးဝယ်ရတဲ့
ပစ္စည်းတွေ တက်လာတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက
ဒီဈေးကွက်ကို ပြေးဝင်ကြပြီး ဒေါ်လာတကန်ဖိုးကလည်း
တက်လာခဲ့ပါတယ်။
9 Common Effects of Inflation ဆောင်းပါးကို
VIF Myanmar Team မှဆီလျော်အောင်ပြန်ဆိုပါသည်
Credit VIF Myanmar









0 comments:
Post a Comment